Vanguard(2020)
အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ကျင်းကော်လီဆိုတဲ့ သူဌေးကြီးတစ်ယောက်ဟာ
အိုမာဆိုတဲ့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ရဲ့ အဖေကို သစ္စာဖောက်မိလို့ အိုမာရဲ့ ကြေးစားတွေက
လိုက်ဖမ်းတာကို ခံနေရပါတယ်။ ဂျက်ကီချန်းကတော့ ကြေးစားသက်တော်စောင့် အဖွဲ့ရဲ့ စီအီးအို
ဖြစ်နေပြီး ကျင်းကော်လီနဲ့ သူ့သမီးကို ကာကွယ်ဖို့ သူ့တပည့်တွေနဲ့အတူ အိုမာရဲ့ အဖွဲ့တွေကို ရင်
ဆိုင်ရတာပဲ ဖြစ်ပါတယ်။ အရင်ရိုက်နေကျကားတွေလိုပဲ အာဖရိက ဒူဘိုင်း လန်ဒန် စသည်ဖြင့်
နေရာစုံမှာ စွန့်စားခန်းတွေ ဖွင့်ကြတာကိုပဲ ကြည့်ရမှာပါ။ ဂျက်ကီချန်း ဖန်တွေ ကြည့်နိုင်ပါပြီ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
0 Comments