Logan
Unicode
X-men ရုပ်ရှင်တွေထဲက Wolverine သို့မဟုတ် Logan မင်းသားရဲ့
နောက်ဆုံးဇာတ်ကား လာပါပြီ။ ဒီကားဟာ IMDb 8.5 ထိရရှိထားတဲ့
စူပါဟီးရိုးရုပ်ရှင်ပါ။ ပထမဆုံး Hugh Jackman ရဲ့ R-rated x-men
ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းနည်းနည်း ပြောပြပါ့မယ်။ ၂၀၂၉ ခုနှစ်ကာလ၊ mutant ဆိုတာ
မျိုးတုန်းသွားပြီလို့ လူတွေ ယုံကြည်လာကြတဲ့ ကာလ၊ ဘယ်သူမှ သူတို့ကို
စကားထဲထည့်မပြောကြတော့တဲ့ကာလ။ Logan ဟာ အသက်ကြီးရင့်နေပါပြီ၊
ပြဿနာအားလုံးနဲ့ ဝေးအောင်နေပြီး အသက်ရှင်နေထိုင်ဖို့အတွက်ပဲ
ရုန်းကန်နေရတဲ့သူ၊ သေမယ့်နေ့ကို မြန်မြန်ရောက်ချင်နေတဲ့သူတစ်ယောက်ပါ။
စွမ်းအားတွေကို မထိန်းသိမ်းနိုင်တော့တဲ့၊ အသက်အရွယ်အလွန်အိုမင်းနေပြီ
နောင်တတွေနဲ့ ပြည့်နေတဲ့ ပရော်ဖက်ဆာ X ကိုလည်း Logan ကပဲ
စောင့်ရှောက်ထားရပါတယ်။ ဒီလိုနဲ့ သူတို့ဘဝထဲကို ငယ်ရွယ်တဲ့ ကလေးမလေး
လော်ရာဟာ ပြဿနာတွေသယ်ယူပြီး ရောက်ရှိလာခဲ့တဲ့ အခါ…လော်ရာရဲ့ စွမ်းအားတွေဟာ
Logan နဲ့ ထပ်တူကျနေပြီး သူ့နောက်ကိုမှာလည်း သူ့ကို ပြန်လည်ဖမ်းဆီးဖို့
တပ်ဖွဲ့ကြီးတစ်ခုလိုက်လာတဲ့အခါ…Old Man Logan တစ်ယောက်
သူ့ရဲ့နောက်ဆုံးလက်ကျန် ဒဏ်ရာပြန်ကောင်းနိုင်စွမ်းလေးနဲ့
တိုက်ခိုက်နိုင်စွမ်းတွေကို အစွမ်းကုန်သုံးပြီး mutant မျိုးဆက်သစ်လေးကို
ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။
Credit Review
Zawgyi
X-men ႐ုပ္ရွင္ေတြထဲက Wolverine သို႔မဟုတ္ Logan မင္းသားရဲ႕
ေနာက္ဆုံးဇာတ္ကား လာပါၿပီ။ ဒီကားဟာ IMDb 8.5 ထိရရွိထားတဲ့
စူပါဟီး႐ိုး႐ုပ္ရွင္ပါ။ ပထမဆုံး Hugh Jackman ရဲ႕ R-rated x-men
႐ုပ္ရွင္လည္း ျဖစ္ပါတယ္။
ဇာတ္လမ္းအက်ဥ္းနည္းနည္း ေျပာျပပါ့မယ္။ ၂၀၂၉ ခုႏွစ္ကာလ၊ mutant ဆိုတာ
မ်ိဳးတုန္းသြားၿပီလို႔ လူေတြ ယုံၾကည္လာၾကတဲ့ ကာလ၊ ဘယ္သူမွ သူတို႔ကို
စကားထဲထည့္မေျပာၾကေတာ့တဲ့ကာလ။ Logan ဟာ အသက္ႀကီးရင့္ေနပါၿပီ၊
ျပႆနာအားလုံးနဲ႔ ေဝးေအာင္ေနၿပီး အသက္ရွင္ေနထိုင္ဖို႔အတြက္ပဲ
႐ုန္းကန္ေနရတဲ့သူ၊ ေသမယ့္ေန႔ကို ျမန္ျမန္ေရာက္ခ်င္ေနတဲ့သူတစ္ေယာက္ပါ။
စြမ္းအားေတြကို မထိန္းသိမ္းႏိုင္ေတာ့တဲ့၊ အသက္အ႐ြယ္အလြန္အိုမင္းေနၿပီ
ေနာင္တေတြနဲ႔ ျပည့္ေနတဲ့ ပေရာ္ဖက္ဆာ X ကိုလည္း Logan ကပဲ
ေစာင့္ေရွာက္ထားရပါတယ္။ ဒီလိုနဲ႔ သူတို႔ဘဝထဲကို ငယ္႐ြယ္တဲ့ ကေလးမေလး
ေလာ္ရာဟာ ျပႆနာေတြသယ္ယူၿပီး ေရာက္ရွိလာခဲ့တဲ့ အခါ…ေလာ္ရာရဲ႕ စြမ္းအားေတြဟာ
Logan နဲ႔ ထပ္တူက်ေနၿပီး သူ႔ေနာက္ကိုမွာလည္း သူ႔ကို ျပန္လည္ဖမ္းဆီးဖို႔
တပ္ဖြဲ႕ႀကီးတစ္ခုလိုက္လာတဲ့အခါ…Old Man Logan တစ္ေယာက္
သူ႔ရဲ႕ေနာက္ဆုံးလက္က်န္ ဒဏ္ရာျပန္ေကာင္းႏိုင္စြမ္းေလးနဲ႔
တိုက္ခိုက္ႏိုင္စြမ္းေတြကို အစြမ္းကုန္သုံးၿပီး mutant မ်ိဳးဆက္သစ္ေလးကို
ကာကြယ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။
Credit Review
0 Comments