X-Men: The Last Stand (2006)
X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine
တို့ Megneto တို့ Professer X တို့ဆိုတာ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက
အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့
သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့ အပယ်ခံ
Emo ဆန်ဆန် Mutant လို့ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို
အရမ်းသဘောကျခဲ့ကြတာပါ … . .
X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ ..
Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ …
Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ခိုလှုံရာကျောင်းကြီးကို
စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့ Megneto တို့အကြောင်းကို
စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့ X-Men Fans တွေကတော့ သိကြပါတယ် … . .
X2 (2003)မှာတော့ President ကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ Mutant ကို
လိုက်ရှာရင်းနဲ့ Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ
စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့ ကြိုးစားရမယ့် X-Men အဖွဲ့ရဲ့ ဒုတိယ
ဇာတ်လမ်းတစ်ပုဒ်ပါ … . .
X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့
သတ်မှတ်ထားတဲ့သိပ္ပံပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင်
ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိူးဆေး
ပေါ်ပေါက်လာတာဟာ Mutant မျိူးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto
ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့
ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့က တားဆီးဖို့
ကြိုးစားရမှာပါ …
Credit Review
0 Comments