Ant-Man and the Wasp 2018
Civil War ကာလအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Ant-Man ဟာခြေချုပ်ကျလို့နေပါတယ်။ ဟန့်ပမ် ကတော့ သူ့သမီးနဲ့အတူတစ်ခါတုန်းက ကွမ်တမ် နယ်မြေအမှုန်အောက်သေးငယ်တဲ့ ရပ်ဝန်းမှာပိတ်မိသွားခဲ့တဲ့ သူ့ဇနီးကို ပြန်ကယ်ဖို့ ကြိုးစားနေပါတယ်။ခြေချုပ်ကျနေတဲ့ စကော့ ဟာကွမ်တမ်နယ်မြေထဲက ဟန့်ခ် မိန်းမ ဆက်သွယ်သံ ကြားရကြောင်း ဟန့်ကို ပြောတဲ့အခါ Size up လုပ်ထားတဲ့ ပုရွတ်ဆိတ်တစ်ကောင်နဲ့အစားထိုးပြီး ခေါ်ထုတ်သွားခဲ့ပါတယ်။ ဟန့် မိန်းမနဲ့ ဆက်သွယ်နိုင်မဲ့ ချုံ့ထားတဲ့ အိတ်ဆောင် ဓာတ်ခန်းခွဲအတွက် လိုအပ်တာတွေ ဝယ်ရင်း သူ့တို့လိုပဲ ဓာတ်ခွဲခန်းကို လိုအပ်နေဆဲ့ Ghost ဆိုတဲ့ သရဲတစ္ဆေလို အစွမ်းရှိတဲ့Villain တစ်ယောက်နဲ့ ကြုံလာရပါတယ်။ Marvel Fan တွေအကြိုက် Crdit Scene ချိူချိုလေးတွေ ပါပါသေးတယ်။ နှစ်ခုပါ။ တစ်ခုကတော့ IW နဲ့ဆက်စပ်နေပြီး Antman အမှုန်အဖြစ်မလွင့့်ပြယ် သွားရတဲ့ အကြောင်းအရင်းလေးလည်းဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ Deadpool မမှီတဲ့ စခွက်ပြောင် Crd Sceneပါ။ အဆုံးနားမှာ ခေတ္တခဏလေးမို့ သတိထားကြည့်သင့်ပါတယ်။ Marvel မှာ Antman ဟာသူရဲကောင်းစင်စစ် မဖြစ်ခဲ့သလို လူဆိုးလည်း မဟုတ်ခဲ့ပါဘူး။လူသားဆန်လွန်းတဲ့ သူ့ Characterကြောင့်ပဲAntman ဟာ မာဗယ်ကားတွေထဲ တစ်မျိုးတစ်မည် မတူတဲ့ ခံစားမှု ရပါတယ်။
အညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်.
0 Comments