Boss Level 2020
April 21, 2021
Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့
CM ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။
Boss Level(2020)ပါ။
ဇာတ်လမ်းအကျဥ်းလေးကတော့
ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့
စစ်သားတစ်ဦးပါ။ထူးဆန်းတာက သူနိုးလာတာနဲ့
သူ့ကိုအသေအကြေသတ်မယ့်လူတွေက
ဆီးကြိုနေတာပါပဲ။တစ်ယောက်လက်ကလွတ်ရင်
တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့
ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့်
အချိန်တန်ရင် အသတ်ခံရတာပါပဲ။ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့
သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း
သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း
ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့
သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း
လက်စားချေဖို့ကြိုးစားပါတော့တယ်။
အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး
ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ?
လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား?ဆိုတာ
အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။
ရိုးတာနေတဲ့ Time loop movie လမ်းကြောင်းကနေခွဲထွက်ခဲ့တဲ့ ဒီကားလေးနာမည်ကတော့ Boss Level(2020)ပါ။
Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
File size… 1.4 Gb / 700 Mb
Quality… webrip 1080p
Format…mp4
Duration….01:41:00
Genre … Action, Sci-fi, Thriller
Subtitle….Myanmar Subtitle (Hardsub)
0 Comments