Chinese Zodiac 2012



ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ လူကြီးတွေကော ကလေးတွေပါမကျန် အားလုံး မသိသူမရှိကြိုက်ကြတဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းလေးပါ။


တရုတ်သမိုင်းမှာ အစဉ်လာကြီးမားခဲ့တဲ့ ရှေးဟောင်း ရာသီခွင်တိရိစ္ဆာန်တွေရဲ့ကြေးသွန်းခေါင်း ရတနာကို ရှာဖွေခြင်းပါပဲ။ ဒီကားမှာ Jackie Chan က Treasure Hunter ပုံစံနဲ့ သရုပ်ဆောင်ထားပြီး ဒီရတနာပစ္စည်းတွေကို တရားသော၊ မတရားသော ကြိုက်တဲ့နည်းလမ်းနဲ့ ရှာဖွေဖို့ ငှားခံရပါတယ်။ ရှာဖွေခိုင်းသူတွေကလည်း ဒီရတနာတွေကို ငွေကြေးနဲ့အခြားနိုင်ငံများကိုလေလံတင်ဖို့ကအဓိက ပါ။ အစောပိုင်းတုန်းမှာ ဒီပစ္စည်းတွေကို ငွေကြေးအတွက်သာအဓိက ထားရှာဖွေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပစ္စည်းတွေဟာ သူတို့နိုင်ငံသမိုင်းကြောင်းမှာ ဘယ်လောက်အရေးပါခဲ့လည်းဆိုတာကို သိရပြီးနောက် Jackie Chan ဘာတွေဆက်လုပ်လည်းဆိုတာကို တွေ့မြင်ရမှာပါ။
Jackie Chan အပါဝင် သူတို့ရဲ့ Treasure Hunter Group မှာ Daniel Wu လိုနာမည်ကြီးမင်းသားတွေလည်းပါဝင်တာကိုတွေ့ရမှာပါ။ ဒီကားဟာလည်း action တွေ ၊ အသတ်ပုတ်တွေ၊ အပစ်ခတ်တွေသာမက ဟာသလေးတွေလည်း ပါဝင်နေတာဟာလည်း Jacki Chan ရဲ့ဇာတ်ကားတိုင်းကို နာမည်ကြီးစေခဲ့တာဆိုတာ သိရမှာပါ။ အရမ်းကို ပေါ့ပေါ့ပါးပါးလေးနဲ့ သူငယ်ချင်းတို့လိုချင်တဲ့ ရသပေါင်းစုံကို ရစေမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။
အက်ရှင်ကားဖြစ်တဲ့အတွက် တစ်ကားလုံးနည်းပါးပြောပြလဲ အရသာသိပ်ပျက်မယ်မထင်ပါဘူး… ဘာလို့လဲဆိုတော့ အနှစ်သာရက ဇာတ်လမ်းထက် သူတို့ရဲ့ Action နဲ့ ဟာသပေါ်မှာ မူတည်တဲ့အတွက်ပါပဲ… ဇာတ်ကားအဆုံးမှာ ပရိတ်သတ်အတွက် အံ့အားသင့်စေမဲ့ နာမည်ကြီး HK Star တော်တော်များများကို ဧည့်သည် သရုပ်ဆောင်အဖြစ်ထည့်ထားပါတယ်… ဧည့်သည်သရုပ်ဆောင်တွေပေါ်လာရင် ရုံထဲက ပရိတ်သတ်တွေက မထင်မှတ်ထားတော့ ဟာကနဲဖြစ်ဖြစ်သွားပါတယ်… ကိုရီးယား မင်းသား Kwan Sang Woo တရုတ်လိုပြောတာကိုလဲ တွေ့ရမှာပါ… (ဒါတောင် သူစကားပြောနည်းပါတယ်)၊ ဂျက်ကီချန်းကားတွေရဲ့ တခြားသူတွေရဲ့ကားနဲ့ မတူတဲ့ထူးခြားချက်တစ်ခုရှိပါတယ်… အဲဒိထူးခြားချက်ကို ငယ်ငယ်ကတည်းက ခုံခုံမင်မင်ကြည့်ဖြစ်ပါတယ်… ဇာတ်ကားပြီးသွားပင်မဲ့ တစ်ယောက်မှ ရုံထဲကနေထ မထွက်သွားအောင်လုပ်နိုင်ပါတယ်… ဒါဆိုသိပြီဟုတ်?… ပိတ်ကားနောက်ကွယ်က သူစတေးခဲ့တဲ့ သူစွန့်စားခဲ့တဲ့ သွေးချွေးနဲ့ရင်းခဲ့တဲ့ အခန်းတွေကို ပြန်ပြတာပါ… မီးတောင်အခန်းကိုကြည့်တုန်းက ကွန်ပြူတာဂရက်ဖစ်နဲ့ ဖြတ်ညှက်ကပ် လုပ်တယ်ပဲထင်ခဲ့တာ… တကယ့်မီးတောင်မှာသွားရိုက်ထားတာတွေ့တော့ အံ့အားသင့်ခဲ့တယ်… အော် ဂျက်ကီချိန်းဆိုတဲ့သူကတော့ သူ့အလုပ်အပေါ်ထားတဲ့စိတ်က လေးစားလောက်ပါတယ်…
ဒီကားဟာ ဂျက်ကီချန်းကို Guinness World Record မှာ ၂နေရာ ဝင်အောင်လုပ်ပေးလိုက်တဲ့ အမှတ်ရစေမဲ့ကားလဲဖြစ်ပါတယ်… သူဟာ သက်ရှိထင်ရှားရှိနေတဲ့ မင်းသားထဲမှာ စတန့်အများဆုံးလုပ်ခဲ့တဲ့သူတစ်ယောက် Most Stunts Performed by a Living Actor) အနေနဲ့ စာရင်းသွင်းခံရသလို့… ဇာတ်ကားတစ်ကားဖြစ်မြောက်ဖို့ ပါဝင်ဆောင်ရွက်မှု အများဆုံး သူတစ်ယောက် (Most Credits in One Movie) အဖြစ် ကမ္ဘာ့စာရင်းမှာ မှတ်သားခံရပါတယ်…
ဂျက်ကီချိန်းကို ဒီကားပြီးရင်နောက်ဘယ်တော့မှ ရုပ်ရှင်မရိုက်တော့ဘူးဆိုတဲ့ ကောလဟာလထွက်နေပါတယ်… အဲဒါမဟုတ်တဲ့အကြောင်း ဒီဇင်ဘာလက မလေးရှားနိုင်ငံရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်ခုလို ပြောခဲ့ပါတယ်…
“ဒါဟာမဟုတ်ပါဘူး… မီဒီယာတွေ အထင်မှားနေတာပါ။ ဒါဟာ ကျွန်တော့ရဲ့ နောက်ဆုံး Action ဇာတ်ကားကြီးတစ်ခုပါ။ ကျွန်တော် Action ကားတွေဆက်ရိုက်နေအုံးမှာပါ ဒါပေမဲ့ Stunts တွေကိုတော့ လျော့ချတော့မယ်… လူစားထိုးတာတို့ Special effects တို့ကိုပဲ သုံးကောင်းသုံးတော့မယ်။ ခုလောက်ကြီးတဲ့ Action ကားကိုရိုက်ပြီးရင်တော့ ကျွန်တော့ ဒိုင်လူကြီးများ (ပရိတ်သတ်များကို ရည်ညွန်းခြင်း) ခပ်သေးသေး Action ကားလောက်ပဲ ကျွန်တော်ရိုက်တော့မယ်ဆို ခွင့်လွှတ်ကြမယ်ထင်ပါတယ်.. လို့ပြောကြားသွားပါတယ်…
(ဇာတ်လမ်းအညွှန်းကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှကူးယူဖော်ပြပါသည်)

Download Here

Post a Comment

0 Comments