Ice Age: Collision Course (2016)
နောက်ဆုံးထွက် Ice Age ကို တင်ပေးထားပါတယ်။ ဒီတစ်ခေါက်ဇာတ်လမ်းမှာတော့ ဝက်သစ်ချသီးကို စွဲလန်းနေတဲ့ Scrat ဟာ မတော်တဆ အာကာသယာဉ်တစ်ခုကို စက်နှိုးမိပြီး ကမ္ဘာ့အပြင်ဘက်ကိုရောက်သွားကာ ဂြိုလ်တစ်ချို့ကို ဖျက်စီးမိပြီး ဥက္ကာခဲကြီးတွေကို ကမ္ဘာမြေပေါ်ကို ကျလာစေခဲ့ပါပြီ။ မန်နီ နဲ့ အယ်လီတို့ လင်မယားဟာ သမီးဖြစ်သူ ပိချက်စ် နဲ့ သားမက်လောင်း ဂျူလီယန် တို့ လက်ထပ်ပြီး သူတို့ကို ခွဲခွာသွားတော့မယ့် အခြေအနေကို စိုးရိမ်နေရင်းနဲ့ပဲ ကမ္ဘာကြီးပျက်စီးလာမယ့် အန္တရာယ်ကို တားဆီးဖို့အတွက် မိတ်ဆွေတွေ အားလုံးနဲ့ စုပေါင်းပြီး မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။ ကမ္ဘာပျက်တာ သူတို့မပါဘူးလို့ ထင်နေတဲ့ ဒိုင်နိုင်ဆောငှက် မိသားစုကတော့ သူတို့ စစ်ဆင်ရေးကြီးကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျံနီ ဘက်ခ်ကို လက်စားချေဖို့ ကြိုးပမ်းကြပါလိမ့်မယ်။ Ice Age ကားတွေရဲ့ ထုံးစံအတိုင်း ရယ်စရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာတွေနဲ့ မိသားစုစိတ်ဓာတ် မိတ်ဆွေစိတ်ဓာတ်တွေကို ဇာတ်လမ်းကောင်းကောင်းနဲ့ ခံစားနိုင်မှာပါပဲ။(ဘာသာပြန်သူကတော. မိုးမြင့်လွင်ပဲဖြစ်ပါတယ်)
File Size : 740 MB
Quality : Blu ray 720P
Running Time : 1hr 34 minute
Format : Mp4
Genre : Animation, Adventure, Comedy
Encoder : Thanhtike Zaw
0 Comments