XMen Apocalypse



Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။

X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပြီးတော့ X-Men film series ရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း Spoiler Free
+++++++++++++++++++++++
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ခံခဲ့ရတဲ့ ပထမဆုံးသော စွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။
နာမည်ကတော့ En Sabah Nur (Apocalypse)
ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။

ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၄ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို့ ပြင်ပါတော့တယ်။

Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲ့က ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမယ်ဆိုတာ…..။

Credit Review



 

Post a Comment

0 Comments