Three kingdoms 2008

 


ဒီကားဟာလည်း Red cliff နဲ့ တစ်နှစ်တည်း ထွက်လာခဲ့တဲ့ ရုပ်ရှင်ပါ။ Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်


ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။


အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။


အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။


ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ Zilong ဟာသူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် ထင်ရှားလာပုံ ရန်သူခေါင်းဆောင် Cao Cao ကိုယ်တိုင် လေးစားရပုံ ကျားဗိုလ် ငါးယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်လာပုံ Cao ရဲ့ မြေးမ(Maggie Q)နဲ့ ရင်ဆိုင်ရပုံ တွေကို စစ်အခင်းအကျင်းခမ်းနားစွာနဲ့တင်ဆက်ထားတာမို့ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်တာ အသေအချာပါပဲ


ဒါကြောင့် Red cliff တင်ပေးတဲ့အတွက်ကျေးဇူးတင်ရင်း Admin တို့ ဒီကားလေးကိုပါတင်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်


ဇာတ်လမ်းအညွန်းကိုတေ့ Zkmကရေးသားပေးခဲ့ပြီး


ဘာသာပြန်ကတော့ မင်းပြည့်စုံပါ 🙂

Download Here

Post a Comment

0 Comments