We Can Be Heroes (2020)
===================
IMDb Rating – 4.5/10
ခရစ္စမတ်နေ့မှာ ထွက်လာတဲ့ ရုပ်ရှင်ကားကောင်းလေးကို လက်ဆောင်အနေနဲ့ တင်ပေးချင်လို့ပါ။
ကားနာမည်က ငါတို့ကလည်း ဟီးရိုး ဖြစ်နိုင်ပါတယ်။
ဒါကတော့ ဟီးရိုးလေးတွေရဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဟီးရိုးလေးတွေလို့ ဘာလို့ ပြောရတာလဲ ဆိုတော့ …..ဟီးရိုးကြီးတွေရဲ့ သားသမီးလေးတွေ အကြောင်း ဖြစ်နေလို့ပါပဲ။ ဟီးရိုးကြီးတွေက ကမ္ဘာကို ကာကွယ်ပြီး အခုချိန်မှာအေးဆေးဖြစ်နေကြပါပြီ။ တစ်နေ့မှာတော့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်စုကြောင့် ဟီးရိုးတွေအလုပ်ပြန်လုပ်ကြရပါတော့တယ်။ သူတို့ ရန်သူနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ သူတို့ရဲ့သားသမီးတွေကို ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဟီးရိုးကြီးတွေ မရှုမလှနဲ့ အရှုံးပေးလိုက်ကြရပြီး ဖမ်းခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ ……ဟီးရိုးလေးတွေ ခဗျာ အငြိမ်မနေနိုင်ကြတော့ပါဘူး။ သူတို့လည်း ဟီးရိုးမျိုးရိုး ပီသစွာနဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေကို အသုံးချပြီးရင်ဆိုင်ဖို့ ကြံစည်ကြရပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ …… ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြပါ။သာမန် ဟီးရိုးကားတွေနဲ့ မတူဘဲ အခင်းအကျင်း တစ်မျိုးတစ်ဖုံ ဖြစ်နေတာကြောင့် အတော်လေး ကြည့်လို့ကောင်းတဲ့ကားတစ်ကားပါ။ ဟီးရိုးကားတွေ ကြိုက်တဲ့လူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August မှရေးသားပေးထားပြီး၊
August, MTA, Yoon Sandi Aungတို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။
Quality – 1080p
Duration – 1h 42min
Subtitle – Myanmar
Hardsub Format – Mp4
0 Comments