Love And Monsters 2020


Love And Monsters 2020

=====================

IMDb Rating (7/10) / Rotten Tomatoes (92%)

ဒီလန် အိုဘရိုင်ယန်ပါတယ်၊ ဂျက်ဆီကာ ဟန်းဝစ်ပါတယ်၊ ခွေးလိမ္မာလေး တစ်ကောင်ပါတယ်။အကောင်ကြီးတွေပါတယ် ဒီလောက်ဆို ကြည့်ချင်ကြမယ်ထင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။လူတွေက သူတို့ အတော်ဆုံး အလုပ်ကို လုပ်လိုက်ကြတယ်။

ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။

ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။

လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။လူတွေကို ပြန်စားကုန်ကြတယ်။

အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။

အဲဒီထဲမှာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပစ်တတ်ဘူး။ သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ။

ဒါပေမယ့် ဒီကောင့်မှာ အားကြီးတာ တစ်ခု ရှိတယ်။ ဖွန်ကြောင်တဲ့အားပါ။သူနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က လူချင်းကွဲသွားတဲ့ ဆော်က အခြား စခန်းတစ်ခုမှာ အသက်ရှင်သေးတာကို သိတဲ့အခါမြေမျက်နှာပြင်ပေါ်က ၈၅မိုင်ဝေးတဲ့ အဲဒီခရီးကို အသက်စွန့်ပီး ဖွန်သွားကြောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အထူးပြုလုပ်ချက်တွေကောင်းတယ်၊ ဇာတ်လမ်းကောင်းတယ်၊ အက်မင်တော့ ကြိုက်ပါတယ်။ အကြိုက်တူသူတွေ ကြည့်ကြပါ။ 

 Download Here

File size…(2.3 GB) and (1.3 GB) and (1.2 GB) and (800 MB)

Quality….Blu-Ray 1080p 5.1 CH & 720p (HEVC Encode) & (H.264 Encode)

Format…mkv/mp4

Duration….01:49:00

Subtitle….Myanmar Subtitle (Hardsub)

Encoder….Nyeinsaeya Aung

Translated by Littleneo

Post a Comment

0 Comments