Pele 2021

 

Pelé (2021)

=========

IMDb Rating 7.1/10

ပီလီ…

ဘောလုံးချစ်သူတိုင်း ပီလီကို မသိရင် ရာဇဝင်ရိုင်းသွားလိမ့်မယ်လို့တောင် ပြောလို့ရပါတယ်။

သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ပီလီ၊ ဘောလုံးဘုရင် ပီလီ၊ ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးရယူထားနိုင်တဲ့ ကစားသမား ပီလီ သူ့ကိုတော့ မသိတဲ့သူမရှိပါဘူး။

သူ့ကြောင့်ပဲ ကမ္ဘာပေါ်က ဟိုမရောက်ဒီမြောက် နိုင်ငံလေးက တစ်ကမ္ဘာလုံးသိတဲ့ ဘရာဇီးဆိုပြီးဖြစ်လာခဲ့တာပါ။

သူ့ကို ဘရာဇီးနိုင်ငံရဲ့တော်ဝင်မင်းသားလို့တောင် သတ်မှတ်ထားကြပါတယ်။

ဘရာဇီးလူမျိုးဖြစ်ရတာ သူ့ကြောင့် ဂုဏ်ယူတတ်လာကြပါတယ်။

ဒါပေမဲ့ ဘရာဇီးနိုင်ငံကို စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ သူဘာလုပ်ခဲ့လဲဆိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။

သူ့ရဲ့အရှိန်အဝါကြီးမားမှုကို အာဏာရှင်က အခွင့်ကောင်းယူဖို့ ကြိုးစားတာကိုလည်း သူကမသိကျိုးကျွန်ပြုနေခဲ့ပါတယ်။

သူသာနိုင်ငံရေးမှာဝင်ပါခဲ့ရင် ဘရာဇီးသမိုင်းက အပြောင်းလဲကြီးပြောင်းလဲသွားမှာ အသေအချာပါပဲ။

ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ လုံးဝဝင်မစွက်ဖက်ခဲ့ပါဘူး။

သူ့စိတ်ထဲမှာဘောလုံးပဲရှိပါတယ်။

အဲဒါကြောင့် သူ့ရဲ့နိုင်ငံသားတွေအပေါ် တင်နေတဲ့အကြွေးကို ၁၉၇၀ မက္ကစီကိုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အနိုင်ယူပြီး အာဏာရှင်အောက်ကျရောက်နေတဲ့ သူ့နိုင်ငံအတွက် စိတ်အားတက်ကြွစရာတစ်ခုပေးနိုင်လိုက်ပါတယ်။

သူ့ရဲ့အောင်မြင်မှုက အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးအတွက် ဘာမှအထောက်အကူမဖြစ်ပေမဲ့ ဘရာဇီးလူမျိုးတွေက ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်သေးတယ်ဆိုတာကို ပြပေးပြီး မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေခဲ့ပါတယ်။

ဘောလုံးဘုရင်ပီလီကတော့ နိုင်ငံရေးမှာ လုံးဝကြားနေဆိုပေမဲ့ သူ့နိုင်ငံအတွက် သူချစ်တဲ့ ဘောလုံးနဲ့ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပေးခဲ့ပါတယ်။

ကျွန်တော်တို့ရော ပီလီလို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းအောင် ကိုယ်ကျွမ်းကျင်ရာနဲ့ အထောက်အပံ့ပေးနိုင်ဖို့၊ လုပ်ဆောင်နေဆဲဆိုရင်လည်း ကိုယ်လုပ်နေတဲ့အရာက နိုင်ငံအတွက်အမျိုးဖြစ်ထွန်းမှာကိုတွေးမိပြီး အားတက်လာနိုင်ဖို့၊ နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်တာကို အရှက်ရကြရတဲ့သူတွေမဖြစ်ကြရဖို့ ပီလီရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလေးကို ဝင်ပြီးခံစားကြည့်လိုက်ကြရအောင်ဗျာ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)

Download Here

Quality – 1080p, 720p WebRip

Duration – 1h 48min

Subtitle – Myanmar HardsubFormat – Mp4Genre : Biography, Documentary, Sport

Source : 1080p.WebRip

Translator – d3mon

Encoder – SWM

Post a Comment

0 Comments