Harry Potter and the Chamber of Secrets (2002)

 





Harry Potter and the Chamber of Secrets (2002)

ဟော့ဂ်ဝပ် စုန်းပညာနဲ့မှော်အတတ်သင်ကျောင်းကြီးမှာ ပထမနှစ်ကို ပူပူနွေးနွေးလေးပြီးထားတဲ့ ဟယ်ရီတစ်ယောက် ပရီးဗက်ဒရိုက်မှာ ပိတ်မိနေတယ်လေ။

တစ်နွေလုံး သူငယ်ချင်းဖြစ်သူတွေဆီက စာမလာလို့ စိတ်ညစ်ရတဲ့ကြားထဲမှ ဦးလေးဖြစ်သူက ငှက်ကိုပါ လွှတ်ခွင့်မပေးတော့ ပိုစိတ်ညစ်ရတာပေါ့။ ဟော့ဂ်ဝပ်ကို လွမ်းတဲ့စိတ်က ပိုတိုးလာတဲ့ အချိန်ကျမှပဲ ဒေါ့ဘီဆိုတဲ့ အိမ်မှင်စာလေးတစ်ကောင် သူ့အိပ်ခန်းကို ပေါက်ချလာတယ်။ သူက ကြောက်စရာကောင်းတာတွေ ဖြစ်ပျက်တော့မှာမလို့၊ ကြံစည်ထားတာတွေ ရှိနေလို့ ဟော့ဂ်ဝပ်ကို ပြန်မသွားဖို့ လာသတိပေးတာတဲ့။

နည်းမျိုးစုံနဲ့ တားပေမဲ့လည်း ဟယ်ရီတို့တတွေ ရရာနည်းနဲ့ ကျောင်းကို ပြန်သွားကြတဲ့အခါ…

Wizarding World ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ ဒီကားမှာ အရင်ကားမှာ မပါတဲ့ ဂါထာအသစ်တွေ၊ ကာရိုက်တာအသစ်တွေ ထပ်တိုးလာတဲ့အပြင် မကြည့်ရသေးသူတွေအဖို့ သို့လောသို့လော စဉ်းစားစရာဇာတ်လမ်းမျိုး ဖြစ်မှာ အသေအချာပါပဲ။ ကြည့်ထားပြီးသား Phead တွေကတော့ ဂါထာတွေ ပြန်ကျက်ရင်း စားမြှုံပြန်လိုက်ကြပါဦးလို့…

Post a Comment

0 Comments