Harry Potter and the Goblet of Fire (2005)




Harry Potter and the Goblet of Fire (2005) 

“Harry Potter and the Goblet of Fire”ကတော့ 2005ခုနှစ်မှာထွက်ရှိထားပြီး နာမည်ကျော် Harry Potter seriesရဲ့လေးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟယ်ရီပေါ်တာတစ်ယောက် မှော်ဆရာသုံးဦးပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ဖို့ရွေးချယ်ခံရပြီးနောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အံ့သြမင်သက်ဖွယ်အတွေ့အကြုံတွေအကြောင်း ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

မှော်ဆရာသုံးဦးပြိုင်ပွဲကနေချီးမြင့်တဲ့ ထာဝရဂုဏ်ကျက်သရေဆိုတဲ့ ခမ်းနားကြီးကျယ်တဲ့ဆုကိုပိုင်ဆိုင်နိုင်ဖို့က မှော်ပညာသင်ကြားနေကြတဲ့ ကျောင်းသားတိုင်းရဲ့အိပ်မက်ပါ။ ဒီနှစ်မှာတော့ ဟော့ဝပ်ကျောင်းက မှော်ဆရာသုံးဦးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။ပြိုင်ပွဲရဲ့နာမည်အတိုင်းပဲ မှော်ကျောင်းသုံးကျောင်းမှ ကျောင်းသူ/သားတစ်ယောက်စီက မီးကလပ်ခွက်ရဲ့ဆုံးဖြတ်ချက်အရ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

ထူးထူးခြားခြားဒီနှစ်မှာတော့ မီးကလပ်ခွက်ထဲကနေ လေးယောက်မြောက်ပြိုင်ပွဲဝင်ရဲ့နာမည် ထွက်ပေါ်လို့လာခဲ့ပါတယ်။ သူကတော့ ဟယ်ရီပေါ်တာပဲဖြစ်ပါတယ်။ အန္တရာယ်များလွန်းတဲ့ပြိုင်ပွဲဖြစ်လို့ ၁၇နှစ်ပြည့်ပြီးသူများသာယှဥ်ပြိုင်ခွင့်ရပေမယ့် ၁၄နှစ်ပဲရှိသေးတဲ့ စတုတ္ထနှစ်ကျောင်းသားလေး ဟယ်ရီ့နာမည်က ဘာကြောင့်မီးကလပ်ခွက်ထဲကနေပေါ်လာခဲ့ရသလဲ….ပြိုင်ပွဲမှာရောဘယ်လိုထိတ်လန့်ဖွယ်ကောင်းတဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ရမလဲ….ဟယ်ရီမကြာခနမက်နေခဲ့တဲ့ ကြောက်ရွံ့ဖွယ်အိပ်မက်ကရောတကယ်ဖြစ်လာမလား ဆိုတာကိုကြည့်ရှုသွားရမှာပါ။

ဒီဇာတ်ကားထဲမှာ ပြိုင်ပွဲဝင်ကျောင်းသားတွေရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှူသာမကပဲ အခက်အခဲဖြစ်နေချိန်မှာ အနစ်နာခံကူညီရိုင်းပင်းတတ်ကြတဲ့ strong friendshipကိုလဲ ဖော်ကြူးထားတာကြောင့် တစ်ခေါက်လောက် ပြန်လည်ခံစားကြည့်လိုက်ကြရအောင်ပါ….

Post a Comment

0 Comments