Harry Potter and the Half-Blood Prince (2009)




 Harry Potter and the Half-Blood Prince (2009)

“Harry Potter and the Half-blood Prince” ကတော့ Harry Potter seriesရဲ့ခြောက်ကားမြောက်ဇာတ်ကားအဖြစ် 2009ခုနှစ်မှာထွက်ရှိခဲ့ပြီး ဟယ်ရီပေါ်တာရဲ့ ဟော့ဝပ်ကျောင်းသားဘဝ ခြောက်နှစ်မြောက်မှာတွေ့ကြုံခဲ့ရတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ် စွန့်စားမှုတွေအကြောင်းကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

အမှောင်သခင်ကြီးရဲ့စွမ်းအားတွေကြီးမားလာတာနဲ့အမျှ ဒမ်ဘဲဒေါလ်တိို့ဘက်ကလဲ ရင်ဆိုင်နိုင်မယ့်နည်းလမ်းတွေကိုပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ ဒမ်ဘဲဒေါလ်ဟာ မှော်ဆေးရည်ဆရာဖြစ်တဲ့ ပရော်ဖက်ဆာဆလဂ်ဟွန်းကို ဟော့ဝပ်ကျောင်းဆီပြန်လည်ခေါ်ဆောင်ဖို့အတွက် ဟယ်ရီ့ကိုခေါ်ပြီးလာစည်းရုံးခဲ့ပါတယ်။ ဒါ့အပြင် ထူးချွန်တဲ့ကျောင်းသားတွေကိုသဘောကျတဲ့ ဆလဂ်ဟွန်းနဲ့ ရင်းနှီးအောင်နေဖို့လဲ ဟယ်ရီ့ကိုမှာကြားထားပါသေးတယ်။အကြောင်းရင်းကတော့ ဆလဂ်ဟွန်းဆီမှာ ဗိုဒီမော့ကိုဖျက်ဆီးပစ်ဖို့ရာလိုအပ်တဲ့ အရေးကြီးမှတ်ဉာဏ်တစ်ခုရှိနေလို့ပါပဲ။

မှော်ဆေးရည်အတန်းမှာပဲ ဟယ်ရီတစ်ယောက် “သွေးနှောမင်းသားမှပိုင်ဆိုင်သည်” လို့ရေးသားထားတဲ့ ထူးဆန်းတဲ့စာအုပ်တစ်အုပ်လဲရခဲ့ပါသေးတယ်။ ဟယ်ရီရဲ့မဟာပြိုင်ဖက်ဖြစ်တဲ့ ဒရာကိုမက်ဖွိုင်းကလဲ အမှောင်သခင်ကြီးဆီက တာဝန်ပေးမှုရရှိခဲ့ပြီး အကောင်အထည်ဖော်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ ဟယ်ရီရဲ့ ပရော်ဖက်ဆာဆလဂ်ဟွန်းဆီက မှတ်ဉာဏ်ရရှိဖို့ကြိုးစားပုံတွေ…နာမည်မခေါ်ရဲလောက်အောင်ကြောက်ရွံကြတဲ့အမှောင်သခင်ရဲ့ ဟော့ဝပ်ကျောင်းသားဘဝပုံရိပ်တွေ…ဟယ်ရီရရှိထားတဲ့စာအုပ်ပိုင်ရှင် သွေးနှောမင်းသားရဲ့အကြောင်း… စတာတွေအပြင် အခက်ခဲဆုံးအချိန်မှာတောင် ရင်ခုန်စိတ်လှုပ်ရှားခံစားတတ်ကြတဲ့ ဟယ်ရီ၊ရွန်၊ဟာမွန်နီတို့ရဲ့ ဆယ်ကျော်သက်သဘာဝ ခံစားချက်တွေအကြောင်းကိုလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

Post a Comment

0 Comments