Harry Potter and the Prisoner of Azkaban (2004)

 



Harry Potter and the Prisoner of Azkaban (2004)

“Harry Potter And The Prisoner of Azkaban”ကတော့ 2004ခုနှစ်မှာထွက်ရှိထားပြီး Harry Potter seriesရဲ့တတိယမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဟယ်ရီပေါ်တာတစ်ယောက် ဟော့ဝပ်တ်ကျောင်းကိုရောက်ရှိပြီး သုံးနှစ်မြောက်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊စွန့်စားခန်းတွေအကြောင်းကို တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

နာမည်ကျော်အက်ဇကာဘန်ထောင်ကနေ ဆီးရီးယပ်စ် ဘလက်ခ်လို့အမည်ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတစ်ယောက်လွတ်မြောက်နေပါတယ်။ သူဟာဆိုရင် ဟယ်ရီ့မိဘတွေကိုသစ္စာဖောက်ခဲ့ပြီးသေစေခဲ့တဲ့သူဖြစ်လို့ အားလုံးဟာ သူလွတ်မြောက်လာရခြင်းအကြောင်းရင်းက ဟယ်ရီ့ကိုရှာပြီးသတ်ဖို့လို့ပဲ ယုံကြည်ထားကြပါတယ်။ သူ့ကိုပြန်လိုက်ဖမ်းဖို့အတွက် အက်ဇကာဘန်ထောင်စောင့်တွေတစ်ဖြစ်လဲ ဝိဉာဥ်စုပ်မကောင်းဆိုးဝါးတွေဟာ ဟော့ဝပ်တ်ရဲ့ပတ်ပတ်လည်မှာစောင့်ကြပ်နေကြပါတယ်။

တခြားသူတွေထက် ပိုပြီးဆိုးဝါးတဲ့အတိတ်ကိုပိုင်ဆိုင်ထားတဲ့ဟယ်ရီဟာ ထိုမကောင်းဆိုးဝါးတွေရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်။သူတို့တွေနဲ့ရင်ဆိုင်တွေ့တိုင်း အမြဲသတိလစ်လဲကျတတ်တဲ့ဟယ်ရီဟာ ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် အသစ်ရောက်လာတဲ့ဆရာတစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာလူပင်ရဲ့အကူအညီယူရပါတယ်။ထိုဆရာဟာ ဟယ်ရီ့မိဘတွေရဲ့မိတ်ဆွေတစ်ဦးဖြစ်ရုံမက သူ့မှာလူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလဲရှိနေပါသေးတယ်။
အဲဒီ့လျှို့ဝှက်ချက်ကဘာများဖြစ်မလဲ?
ဟယ်ရီတစ်ယောက် သူ့ကိုသတ်ဖို့လိုက်ရှာနေတဲ့ဆီးရီးယပ်စ်နဲ့ရောတွေ့မှာလား?
အားလုံးသိထားတဲ့အတိုင်း ဆီးရီးယပ်စ်ကတကယ်ပဲ သစ္စာဖောက်ခဲ့တာလား?
သူငယ်ချင်းကောင်းနှစ်ယောက်ဖြစ်တဲ့ ရွန်နဲ့ဟာမွန်နီတို့ကရော အမှန်တရားကိုရှာတွေ့ဖို့ ဟယ်ရီ့ကိုဘယ်လိုများကူညီခဲ့ကြလဲ?…ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်…..

Post a Comment

0 Comments