Karnan (2021)



Karnan (2021)

သူ့နာမည်က ကာနန်တဲ့။ တောကြိုအုံကြားက ဘတ်စ်ကားမှတ်တိုင်တောင်မရှိတဲ့ ရွာလေးတစ်ရွာမှာ သူကြီးပြင်းလာတယ်။ ရွာကလည်း သူတို့အဘိုးအဘွားတွေလက်ထက်ကမှ မြေဆိုးမြေရိုင်းကို ကိုယ်ထူကိုယ်ထပြုပြင်ပြီး နေလို့ရအောင်တည်ထားတဲ့ရွာကလေး။ သူတို့ရွာကလေးနာမည်ကို သိတဲ့လူကခပ်ရှားရှားရယ်။ အကြောင်းရှိလို့ တစ်နေရာရာသွားချင်ရင် ဘတ်စ်ကားစီးဖို့အတွက် ဘေးရွာအထိသွားစီးရတယ်။ ဒါကြောင့်ပဲ ရွာကလူငယ်တွေက ကျောင်းတွေတက္ကသိုလ်တွေ သွားတက်ဖို့နေနေသာသာ နေရာတကာမှာ အနှိမ်ခံကြရတယ်။ အနှိမ်ခံရတယ်ဆိုတာ သူတို့အတွက် ရိုးနေတဲ့ကိစ္စ။ ဒါပေမဲ့ သူတို့ကြားမှာ ကာနန်ကတော့ ထူးခြားတယ်။

ကာနန်က စိတ်မြန်လက်မြန်ရှိပြီး ဒေါသကြီးတယ်။ ဒါပေမဲ့ သူတစ်ပါးကိုတော့ ထိခိုက်အောင်မလုပ်တတ်ဘူး။ မဟုတ်မခံတဲ့စိတ်ဓာတ်နဲ့ အရာရာကိုဒေါသတကြီးဖြေရှင်းတတ်တဲ့ သူ့အကျင့်ကြောင့် ရွာကအချို့လူတွေ မျက်မုန်းကျိုးကြတယ်။ ဓနအင်အား၊ ပညာ၊ ကျောထောက်နောက်ခံ ဘာမှမရှိတဲ့ဘဝမှာ ကြီးပြင်းလာရတဲ့သူ့အတွက် စိတ်မြန်လက်မြန်ရှိတဲ့အကျင့်က နေရာတိုင်းမှာပြဿနာဖြစ်စေခဲ့တယ်။ ဒါပေမဲ့လည်း ရွာထဲမှာသူ့ကိုချစ်တဲ့လူတွေရှိသေးသလို သူကလည်းသူ့ရွာကိုချစ်တယ်။ သူ့ရွာအတွက် စေတနာနဲ့လုပ်တဲ့ကိစ္စတွေက တစ်ခါတစ်လေတော့လည်း ပြဿနာတွေဖြစ်စေတတ်တယ်။

ဒီလိုနဲ့တစ်ရက်မှာ ဘတ်စ်ကားစီးတဲ့ကိစ္စနဲ့ ဘေးရွာမှာပြဿနာတက်လာလို့ သူတို့ရွာလမ်းထိပ်ကနေ ကားတားစီးနိုင်ဖို့ကြိုးစားကြရင်း ပြဿနာတွေက ပိုပိုကြီးလာတယ်။ ရဲတွေကလည်း မြေနိမ့်ရာလှံစိုက်ဆိုသလို သူတို့ကိုအနိုင်ကျင့်ဗိုလ်ကျလာတော့ ကာနန်တစ်ယောက် ရွာအတွက်ဘယ်လိုကြိုးစားမလဲ။ ဘာတွေကြုံရမလဲဆိုတာကို ဒီကားထဲမှာရှုစားရမှာပါ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 2h 38min
  • Translator…..: Cyanide
  • Encoder………: MZM
  • 1080p Download Link
  • 720p Download Link

Post a Comment

0 Comments