Jungle Cruise (2021)

 




Jungle Cruise (2021)

ဒီကားလေးက အားလုံးစောင့်မျှော်နေတဲ့ကားလေးဖြစ်မယ်ထင်ပါတယ်။ အထူးတလည်တော့ပြောစရာမလိုလောက် တော့ပါဘူး ။ ဒဏ္ဍရီတွေဆိုတာက တကယ်ရှိလား မရှိလား လက်တွေ့ဘဂမှာ မသိနိုင်ပါဘူး။ ဒီကားလေးထဲမှာ ဒဏ္ဍရီဆိုတာ တကယ်ရှိကြောင်းပြသထားပါတယ်။

ဇာတ်လမ်းထဲမှာတော့ အမေဇုံတောရဲ့တစ်နေရာမှာရှိတဲ့ လမင်းမျက်ရည်ဟာ ရောဂါတွေ၊ ကပ်ဘေးတွေ ကျိန်စာတွေကနေပျက်ပြယ်နိုင်တယ်လို့ဆိုထားပါတယ်။ ဒီတော့လူတိုင်းကလိုချင်ကြတာပေါ့။ ဒါပေမဲ့ ရှာလို့မတွေ့ပါဘူး။ တောအုပ်ကလည်း အန္တရာယ်အပေါင်းနဲ့ ပြည့်နှက်နေသလို မြစ်ကလည်း ကြမ်းတမ်းလှပါတယ်။ဒါကို လူ့တွေအတွက် အထောက်အကူဖြစ်စေဖို့ ကုသဖို့အတွက် လီလီတို့ မောင်နှစ်မနှစ်ယောက်က ရှာဖွေဖို့လုပ်ပါတော့တယ်။ သူတို့ရှာတဲ့အခါမှာ လမ်းပြကပ္ပတိန်အဖြစ် ကျုပ်တို့ မင်းသားကြီး (The Rock)ပါ့ဗျာ။

သူပါရင်ရယ်နေရတာတော့ သိပြီးဖြစ်မှာပါ။ သူတို့သုံးယောက်လည်းရှာဖို့ အမေဇုံတောဆီလာခဲ့တာပေါ့။ လမင်းမျက်ရည်ကိုလိုချင်တာက သူတို့တစ်ဖွဲ့တည်းတင်မကပါဘူး ။ တစ်ခြားအဖွဲ့တွေရောပါ။ ဒီတော့ သူတိုနဲ့ ထပ်တိုက် တွေ့တဲ့အခါဘယ်လိုတွေဖြစ်မလဲ ၊လမင်းမျက်ရည်က ဘယ်လိုမျိုးလဲ………..

ကြည့်သာကြည့်လိုက်ပါတော့ ပြောနေတာမှကြာပါသေးတယ်။ ဒီလိုကားမျိုးမကြည့်ရင် မတန်းဘူးလို့ပြောရလိမ့်မယ်။

Post a Comment

0 Comments